Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday 4 February 2014

WINDOWS PASSWORD ဖြတ်ကျော်ခြင်းဆိုင်ရာ နည်းလမ်းများ




Windows Password ဖြတ်ကျော်ခြင်းဆိုင်ရာ နည်းလမ်းများ

Windows ကို password ပေးပြီး မေ့သွားတဲ့ အခါမျိုးရှိသလို၊ အကြောင်းအမျိုးမျိုးကြောင့် ဖြတ်ကျော်ဝင်ရောက်ဖို့ လိုတာမျိုးလည်း ကြုံရပါလိမ့်မယ်။ Windows password နဲ့ ပတ်သက်လာရင် ဖြေရှင်းနည်း ၄ မျိုးရှိပါတယ်။

၁။ ကြိုတင်သိမ်းဆည်းထားခြင်း
၂။ Ophrcrack အသုံးပြု၍ password ကြည့်ခြင်း
၃။ Software အသုံးပြု၍ password reset ပြုလုပ်ခြင်း
၎။ Windows CD အသုံးပြု၍ password reset ပြုလုပ်ခြင်း

နည်းလမ်းအားလုံးကို ရေးသားဖော်ပြသွားပါမယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဒီနည်းလမ်းထဲက တစ်မျိုးကတော့ အသုံးဝင်မှာပါ။

၁။ ကြိုတင်သိမ်းဆည်းထားခြင်း

Windows password မေ့တတ်သူတွေ၊ ဒါမှမဟုတ် Windows တစ်ခါတင်ပြီးရင် တော်ရုံနဲ့ ပြန်မတင်ဖြစ်တော့ပဲ စွဲစွဲမြဲမြဲ သုံးသူတွေ ရှိကြပါတယ်။ အထူးသဖြင့် ရုံးလုပ်ငန်းဆိုင်ရာ ကွန်ပြူတာတွေမှာ password တွေပေးထားပြီး မေ့မှာစိုးရင် ဒီနည်းနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။

Password reset disk ပြုလုပ်ခြင်း

အဆင့်(၁) – Floppy Disk (သို့မဟုတ်) USB Stick တစ်ခု ကို ကွန်ပြူတာမှာ တပ်ပေးပါ။
အဆင့်(၂) – Control Panel ကို ဖွင့်ပြီး User Accounts ကို ဆက်သွားပါ။
အဆင့်(၃) – မိမိ လက်ရှိသုံးနေတဲ့ User Account ကို နှိပ်ပါ။ အောက်မှာပြထားတဲ့ပုံအတိုင်း ညာဘက်ဘေးမှာ “Create password reset disk” နှိပ်ပါ။

အဆင့်(၄) – “Forgotten Password Wizard” ပေါ်လာပါလိမ့်မယ်။ “Next” ကို နှိပ်ပါ။
အဆင့်(၅) – တပ်ဆင်ထားတဲ့ Floppy (သို့) USB drive ကို ရွေးချယ်ပြီး “Next” ကိုနှိပ်ပါ။
အဆင့်(၆) - လက်ရှိအသုံးပြုနေတဲ့ User account ရဲ့ password ကို text box မှာ ရိုက်ထည့်ပြီး “Next” ကို နှိပ်ပါ။
အဆင့်(၇) – prograss 100% ပြည့်ပြီဆိုရင် “Next” နှိပ်၊ Completing Box မှာ “Finish” နှိပ်ပေးပြီးရင် password reset disk ပြုလုပ်ခြင်း ပြီးဆုံးပါပြီ။

 
Password reset disk ကို အသုံးပြုခြင်း

ပြုလုပ်ထားတဲ့ password reset disk ကိုတော့ password မေ့သွားတော့မှပဲ ပြန်လည် အသုံးပြုကြမှာ ဖြစပါတယ်။ အခုမေ့သွားပြီ ဆိုပါစို့။ ပြန်သုံးကြည့်ကြရအောင်။
အဆင့်(၁) - မိမိသုံးတဲ့ ကွန်ပြူတာမှာ သုံးနေကျ user account ကို password မထည့်ပဲ log in ဝင်လိုက်ပါ။
အဆင့်(၂) – password မှားနေကြောင်းပြလာပါလိမ့်မယ်။ “Reset password” မပေါ်ပါက Enter ထပ်နှိပ်ပေးပါ။
အဆင့်(၃) – Reset password ပေါ်လာရင် အဲဒီစာကြောင်းနေရာကို နှိပ်ပါ။

အဆင့်(၅) - ကြိုတင်ပြုလုပ်ထားတဲ့ Password reset disk (Floppy (သို့) USB Drive) ကို တပ်ဆပ်ပါ။
အဆင့်(၆) – Password Reset Wizard Welcome screen မှာ “Next” နှိပ်ပေးပါ။
အဆင့်(၇) – password reset disk ပြုလုပ်ထားတဲ့ drive ကို ရွေးချယ်ပြီး “Next” နှိပ်ပါ။
အဆင့်(၈) - ယခုပြောင်းချင်တဲ့ password ကို နှစ်ခါပြန်ရိုက်ထည့်ပေးပြီး “Next” နှိပ်ပါ။
အဆင့်(၉) – Finish ကို နှိပ်ပေးလိုက်ပါ။ wizard box ပိတ်သွားပါလိမ့်မယ်။ ပြောင်းထားတဲ့ password အသစ်နဲ့ log in ဝင်နိုင်ပါပြီ။

အားသာချက် = သီးခြား Software အသုံးပြုစရာ မလိုတဲ့အတွက် အသုံးပြုသူတွေကို ပိုမိုလွယ်ကူစေပါတယ်။
အားနည်းချက် = Floopy (သို့မဟုတ်) USB drive တစ်ခုခုကို အသုံးပြုပြီး ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

၂။ Ophrcrack အသုံးပြု၍ password ကြည့်ခြင်း


ဒီနည်းကတော့ သုံးထားတဲ့ password ကို ပြန်မြင်ရမှာဖြစ်လို့ အတော်လေးကို အသုံးတည့်ပါတယ်။ တခြားသူရဲ့ ကွန်ပြူတာကို ပိုင်ရှင်မသိအောင် သုံးလို့ရနိုင်တဲ့ နည်းလမ်းလည်း ဖြစ်တာမို့ အသုံးပြုသူတိုင်း ဗဟုသုတ ရှိထားရမယ့် နည်းလမ်း ဖြစ်ပါတယ်။
Software CD Info…
>>Windows password ကို crack လုပ်ပေးပါတယ်။
>>GUI mode (ပုံမြင်ရပြီး Click နှိပ်နိုင်သော စနစ်) ဖြင့် ပြုလုပ်နိုင်သည့် Software
>>Free and open source sofrware (GPL)
>> http://ophcrack.sourceforge.net/

အသုံးပြုနည်း


အဆင့်(၁) - http://ophcrack.sourceforge.net/ မှ Download လုပ်ယူပါ။ (Windows XP နှင့် Vista/7 ဆိုပြီး နှစ်မျိုးခွဲထားပါတယ်)
အဆင့်(၂) - ရရှိလာတဲ့ iso ဖိုင်ကို CD ခွေအလွတ်ဖြင့် burn ပါ။ (Windows 7 မှာ iso ဖိုင်ကို Double click နှိပ်ရင် burner box ပေါ်လာပါတယ်၊ ခွေအလွတ် ထည့်ပြီး burn ရုံပါပဲ။)
အဆင့်(၃) – burn ထားပြီးတဲ့ခွေကို password သိလိုတဲ့ ကွန်ပြူတာမှာ ထည့်ပြီး restart ချပါ။
အဆင့်(၄) – ၎င်း CD ခွေမှ boot ယူပေးပါ။ (Windows တင်တဲ့အခါ Windows CD က Boot ယူသလိုပဲ၊ ယခု CD ခွေမှ boot ယူရမှာဖြစ်ပါတယ်။ Boot Menu ခေါ်ပြီး CD Drive ကို ရွေးပေးခြင်းဖြင့် ယူနိုင်သလို၊ BIOS ထဲ ဝင်ရောက်ပြီး first boot device ကို CD drive ရွေးပေးချင်းဖြင့်လည်း boot ယူနိုင်ပါတယ်။)
အဆင့်(၅) - အောက်ပါအတိုင်း menu ပေါ်လာရင် user တွေအတွက် အသင့်တော်ဆုံးဖြစ်တဲ့ Graphic mode (Auto mode) ကိုရွေးချယ်ပေးပါ။

အဆင့်(၆) - အချိန်အနည်းငယ် စောင့်ပြီး table ထဲမှာ user name နဲ့ Password အားလုံးပေါ်တဲ့အထိ စောင့်ပေးနေရုံပါပဲ။
အဆင့်(၇) - ပေါ်လာတဲ့ username နဲ့ password တွေကို မှတ်ထားပြီး restart ချပါ။
အဆင့်(၈) – CD ကို ထုတ်ထားပြီး ပုံမှန်အတိုင်း ကွန်ပြူတာဖွင့်ကာ password တောင်းလာတဲ့ user အတွက် မှတ်ထားတဲ့ password ထည့်ပေးပြီး log in ဝင်ရုံပဲ ဖြစ်ပါတယ်။

အားသာချက် = အရမ်းလွယ်ကူပြီး Hacking ပြုလုပ်နိုင်သည်အထိ အသုံးဝင်ပါတယ်။
အားနည်းချက် = Software CD အသုံးပြုရမှာဖြစ်ပြီး ဖိုင်ဆိုဒ်ကြီးတဲ့အတွက် ခွေမဆောင်ထားရင် ဒုက္ခများပါတယ်။

၃။ Software အသုံးပြု၍ password reset ပြုလုပ်ခြင်း

Password reset လုပ်တဲ့ software များစွာရှိပါတယ်။ အများစုက freeware ပါ။ Ophrcrack လို ကြည့်လို့ရတဲ့ Software ရှိနေတာ ဘာလို့ reset tool သုံးမှာလဲလို့ မေးစရာရှိပါတယ်။ အဲလို CD မျိုး မိမိနှင့်တကွ အမြဲရှိနေဖို့ မလွယ်ပါဘူး။ လိုတဲ့အချိန်မှ လိုက်ရှာရင်လည်း ကရိကထ များပါတယ်။ ဒါ့ကြောင့် ဖိုင်ဆိုဒ်သေးပြီး အလွယ်တကူ ရှာလို့ရတဲ့ reset tool တွေ တွင်ကျယ်နေတာ ဖြစ်ပါတယ်။ (tools ပေါင်းများစွာ ရှိပါတယ်။ အရေးကြုံလို့ ဘာသုံးရမှန်းမသိရင် အင်တာနက်သုံးပြီး windows password breaker, Windows password remover စသဖြင့် ရေးရှာကြည့်ပါ။ အများကြီးတွေ့တဲ့အထဲကမှ မိမိနဲ့အဆင်ပြေမယ့် တစ်ခုခုကို ရွေးသုံးနိုင်ပါတယ်။) အခု Windows Password Breaker Professional ဆိုတဲ့ Software ကို အသုံးပြုပြီး ရေးသားပါမယ်။

အဆင့်(၁) -http://www.recoverwindowspassword.com/downloads/windows_password_breaker_standard_trial.exe/windows_password_breaker_standard_trial.exe/windows_password_breaker_professional_trial.exe ကိုနှိပ်ပြီး Download လုပ်ယူပါ။
အဆင့်(၂) – CD/DVD (သို့မဟုတ်) USB disk တစ်ခုခုကို ထည့်ပြီး ၎င်း software ဖြင့် “burn” ပါ။

အဆင့်(၃) – “Ophrcrack CD” ကို အသုံးပြုခဲ့သည့် နည်းလမ်းအတိုင်း အသုံးပြုပါ။
အဆင့်(၄) – tools တွေ တစ်ခုနဲ့တစ်ခု အသုံးပြုပုံချင်း ချွတ်စွတ်တော့ မတူကြပါဘူး။ ဒါပေမယ့် နည်းလမ်းချင်းတော့ တူတူပဲ ဖြစ်ပါတယ်။ ဒီ reset tools တွေက file size သေးတာနဲ့အညီ အသုံးပြုရမှာကလည်း CLI (command ရိုက်ထည့်ပြီး အသုံးပြုရမယ့် စနစ်) များသာ ဖြစပါတယ်။ command သုံးရပေမယ့် အလွတ်ရစရာ မလိုပါဘူး။ password reset လုပ်ရန် 1 ကို ရိုက်ပြီး Enter နှိပ်ပါ။ စသဖြင့် ညွှန်ကြားပေးပါတယ်။ စာဖတ်ပြီး လုပ်ရုံပဲ ဖြစ်ပါတယ်။
အဆင့်(၅) – password အသစ် ရိုက်ထည့်ပေးပြီး ကွန်ပြူတာကို restart လုပ်ကာ password အသစ်ဖြင့် log in ဝင်ရုံပဲ ဖြစ်ပါတယ်။

အားသာချက် = file size သေးငယ်ပြီး အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
အားနည်းချက် = Command Line ဖတ်ပြီး လုပ်ဆောင်ရတဲ့အတွက် Beginner တွေကို စိတ်ညစ်စေနိုင်ပါတယ်။

၎။ Windows CD အသုံးပြု၍ password reset ပြုလုပ်ခြင်း


လူတိုင်းလိုလို အဆင်သင့် ရှိနေတတ်ကြတာက Windows CD ဖြစ်ပါတယ်။ Software ရှာတာတွေ၊ Burning လုပ်ရတာတွေ USB memory stick ရှာရတာတွေထက် Windows CD ရှာရတာ ပိုလွယ်ပါတယ်။ ဒါ့ကြောင့် ဘာမှ လိုက်ရှာမနေတော့ပဲ Windows CD နဲ့တင် password reset လုပ်နိုင်တဲ့နည်းက အများဆုံး အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။ (Windows 7 အသုံးပြုသူတွေအတွက်ပဲ ဒီနည်းက အဆင်ပြေတာဖြစ်ပါတယ်။ တင်ထားတာလည်း Windows 7 ပဲဖြစ်ပြီး၊ သုံးတဲ့ CD ကလည်း Windows 7 DVD ဖြစ်ရပါမယ်။ Ultimate, Home Premium စသဖြင့် version မတူရင်လည်း အသုံးပြုနိုင်ပါတယ်)
အဆင့်(၁) – Windows တင်တဲ့အတိုင်းပဲ Windows CD ထည့်ပြီး၊ CD ကနေ boot ယူပါ။
အဆင့်(၂) – အောက်မှာ ပြထားတဲ့အတိုင်း ပေါ်လာရင် “Repair your computer” ကို နှိပ်ပေးပါ။

အဆင့်(၃) – “Command Prompt” ကို နှိပ်ပေးပါ။

အဆင့်(၄) - ပေါ်လာတဲ့ cmd မှာ အောက်ဖော်ပြပါ command ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။ (original sticky key ကို backup လုပ်ထားလိုက်တာ ဖြစ်ပါတယ်)
copy c:\windows\system32\sethc.exe c:
အဆင့်(၅) - အောက်ပါ command ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။ (cmd file ကို sticky key အဖြစ် နာမည်ပြောင်းပြီး copy ကူးလိုက်တာ ဖြစ်ပါတယ်)
copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe

အဆင့်(၆) – 1 file<s> copied. လို့ ပြလာရင် ကွန်ပြူတာကို restart ချပေးပါ။
အဆင့်(၇) – log on screen ကို ရောက်ရင် Shift key ကို ၅ ခါ နှိပ်ပြီး command prompt ကို ခေါ်ပါ။
အဆင့်(၈) – net user လို့ ရိုက်ပြီး Enter နှိပ်လိုက်ရင် ရှိနေတဲ့ User name တွေ လာပြပါလိမ့်မယ်။
အဆင့်(၉) - အဲဒီအထဲက မိမိ password ပြောင်းလိုတဲ့ user name ကို net user နဲ့ * ကြားမှာ ရိုက်ပါ။ (ယခု ပြထားတဲ့ပုံမှာ “Raaz” ဆိုတဲ့ user name ကို သုံးပြမှာ ဖြစ်ပါတယ်။ ) net user raaz *
အဆင့်(၁၀) – Type a password for the user: ဆိုတဲ့ စာတမ်း ပေါ်လာပြီး password အသစ်တောင်းမှာ ဖြစ်ပါတယ်။ မိမိပြောင်းလိုတဲ့ password ကိုရေးပြီး Enter နှိပ်ပါ။ နောက်တစ်ကြိမ် password ထပ်တောင်းပါလိမ့်မယ်။ confirm ဖြစ်အောင် ၎င်း password အသစ်ကို နှစ်ကြိမ် ရိုက်ပေးရမှာဖြစ်ပါတယ်။

အဆင့်(၁၁) – command completed successfully ဆိုပြီး ပြလာရင်တော့ restart ချပြီး password အသစ်နဲ့ log in ဝင်ရုံပါပဲ။

အားသာချက် = CD နဲ့ Software မရှာရတဲ့အတွက် အလုပ်ရှုပ် သက်သာပါတယ်။
အားနည်းချက် = အနည်းဆုံးတော့ Windows CD ရှိရမှာဖြစ်ပြီး၊ Command မှတ်မိဖို့လည်း လိုပါတယ်။

Credit :
သံလုံငယ် - ThanLonNge

Friday 31 January 2014

ANDROID PHONE ကိုင်ဆောင်သူများအတွက် MYANMAR FACEBOOK APK


Androids များအတွက် မြန်မာ Facebook Application တစ်ခုတင်ပေးလိုက်ပါတယ်။

သိပ်ဆန်းဆန်းပြားပြား ကြီးတော့မဟုတ်ပါဘူး။မြန်မာမူပြုထာခြင်းဖြစ်ပါတယ်။
အခြားသော Facebook မြန်မာ Apk တွေနဲ့ မတူပဲ ထူးခြားချက်ကတော့
အားလုံးနီးပါးမြန်မာလို့ မြင်ရမှာဖြစ်ပါတယ်။မြန်မာလို့ အသုံးပြုရတာကို ကြိုက်နှစ်သက်တဲ့
သူငယ်ချင်းများရှိရင် အောက်မှာဒေါင်းဖို့လင့်ပေးထားပါတယ်။
ကျနော်ပေးတဲ့ Apk ကို ဖုန်းထဲ့ မှာ Install မလုပ်ခင် မိမိ တို့ ဖုန်းထဲ့မှာ အရင်သုံးနေတဲ့
Facebook Apk ကိုတော့ဖြတ်ပြစ်ရပါမယ်။ ဖြတ်ပြီးပြီးဆိုမှ ကျနော်ပေးတဲ့
မြန်မာဖေ့ဘုတ် ကိုစတင်ဖုန်းထဲ့ မှာ Install လုပ်ပြီးအသုံးပြုပါခင်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေ။
           (၀င်းကမ္ဘာကျော် မှကူးယူဖော်ပြပါသည်)
မိုးကုတ်သား



Wednesday 29 January 2014

ခရီးဆောင်အိတ်အလွယ်ထည့်နည်းလေးပါ

ခရီးခဏခဏသွားတတ်တဲ့
သူငယ်ချင်းတွေ ကြည့်ထားသင့်ပါတယ်

Credit- မောင်စွယ်စုံ

Android မှာ မြန်မာ သတင်းတွေ မပြတ်ဖတ်ချင်သူများအတွက်ပါ

မြန်မာသတင်း APK တွေ စုစည်းပေးထားပါတယ်

Kaung Khant | 29.1.14 | Best Blogger Tips


မြန်မာသတင်းတွေနဲ့ ပက်သက်တဲ့

application တွေကို တစုတစည်း

လေးဖြစ်သွားအောင်လို့ ရသမျှ

တွေ့ ထားသမျှ apk လေးတွေကို

စုစည်းပေးလိုက်ပါတယ်။

အောက်မှာဒေါင်းယူပါ။

 သစ်ထူးလွင် သတင်း blog apk

 The voice.apk

 Tachileik News.apk

 RFA Burmese.apk

 Radio News.apk

 Planet Myanmar News.apk

 Planet Dictionary.apk

 Myanmar President Office.apk

 Myanmar News info.apk

 Mizzima SAS.apk

 Mizzima News.apk

 Hotnews Reader.apk

 Aye Chan Mon သတင်း.apk

 Daily Sport.apk

 Myanmar Soccer Reader.apk

 Top Soccer Leagues.apk

 Live Score1.2.5.apk

 inm apj.apk

 Myanmar News.apk

 7Days News Journal.apk

 MM News.apk

 Myanmar eRadio.apk

ကဲ……ရှိထားသမျှလေးတွေ စုပြီးတင်ပေး

လိုက်ပါတယ်။

အားလုံးအဆင်ပြေချောမွေ့  ကြပါစေဗျာ။
ကိုလတ်(ကျွဲဆင်း) မှကူးယူဖော်ပြပေးပါသည် ဒီမှာ သွားလည်လို့ရပါပြီ....

မိုးကုတ်သား (ရေပူ)

Tuesday 28 January 2014

မြန်မာစာအုပ်စင် (ဒေါင်းလော့ယူရန်)


မြန်မာစာအုပ်စင်ကဏ္ဍလေးတစ်ခုအဖြစ်လေ့လာနိုင်ပါတယ်

  1. တစ္စေသရဲ ၀တ္ထုများ
  2. ကြည်ဦးရဲ့ ထူးဆန်းအံ့ဖွယ် ပရလောကနယ်
  3. အော်ပီကျယ် ကာတွန်:များ
  4. ဟိုတုန်:ကလိုလူစား (ကာတွန်းဝိဇ္ဇာ)
  5. နေမင်း၏သားတော်(အောင်ခန့်)
  6. အာဒမ်၏ ဆာတေး(အကြည်တော်)
  7. အောင်မြေ (အကြည်တော်)
  8. ရီတန်းအော့ဖ်ဘီလူး (အကြည်တော်)
  9. အသည်းကွဲ ၂၄ နာရီ(အကြည်တော်)
  10. အိမ်မက်အပိုဒ်ခွဲ ၉ (အကြည်တော်)
  11. စွယ်စုံလက်ဆောင် (အကြည်တော်)
  12. မိုးတိမ်ပုံပြင် (အကြည်တော်)
  13. ဘီလူး (အကြည်တော်)
  14.  (အကြည်တော်)
  15. အိုင်အိုဒင်းကိုကိုကြီးနှင့် (အကြည်တော်)
  16. ပိုးကောင်များ (အကြည်တော်)
  17. တောသားကြီး (အကြည်တော်)
  18. သံသရာအကွေ့တစ်ရာ (အကြည်တော်)
  19. သဲလှည်း (အကြည်တော်)
  20. အိပ်မက်အပိုဒ်ခွဲ၉ (အကြည်တော်)
  21. ဒဂုန်ရွှေမျှား  ကမ္ဘာကိုကိုင်လှုပ်သူ
  22. ဆရာဇော်ဂျီ ဗေဒါလမ်း
  23. ချစ်ကြွေးမပြေ
  24. ချစ်သုံးလီ
  25. ချစ်ဦးညို ချစ်သူမင်နန်ဒါ
  26. ချစ်ဦးညို ရှင်စောပု
  27. ချစ်ဦးညို ရာဇ
  28. အီဂျစ်ဘုရင်မာယာရှင် (ဒဂုန်ရွှေမျှား)
  29. ကဗလာနီအောက်ဝယ် (ဒဂုန်ရွှေမျှား)
  30. ကျွန်းမင်းသာ ( ဒဂုန်ရွှေမျှား)
  31. လူသစ်ပင် ဒဂုန်ရွှေမျှား)
  32. ငယ်ကချစ် ဒဂုန်ရွှေမျှား)
  33. စိတ်နှင့် …ဒဂုန်ရွှေမျှား)
  34. စောရသက်ပြင်းဒဂုန်ရွှေမျှား)
  35. ရော်ဘင်ဆင်ကရူဆိုဒဂုန်ရွှေမျှား)
  36. သုံးနှစ်သုံးမိုး (ဒဂုံတာရာ)
  37. ခရမ်းနုရောင်(ဒဂုံတာရာ)
  38. စိမ်မြညတစ်ည(ဒဂုံတာရာ)
  39. လရောင်ရွနးမြသော(ဒဂုံတာရာ)
  40. မြိုင်(ဒဂုံတာရာ)
  41. နီကိုရဲ အိုလေး
  42. နီကိုရဲ သံစုံကြူတဲ့ည
  43. နီကိုရဲ ကျွန်တော်နဲ့လက်တွဲဖော်များ
  44. နီကိုရဲ ဇွတ်
  45. နီကိုရဲ ကျွန်တော်နဲ့ဈေးသည်အလွဲးများ
  46. နီကိုရဲ လွယ်အိပ်ထဲးကအလွယ်များ
  47. နီကိုရဲ ပန်းပွင်းကိုဖယ်ကြည့်မှမြင်ရမယ့်လမင်း
  48. သွေး ( ဂျာနယ်ကျော် မမလေး )
  49. မုန်း၍မဟူ ( ဂျာနယ်ကျော် မမလေး )
  50. သူရုန်းထွက်နိုင်ခဲ့ပြီ ( ပုဏ္ဏမီ )
  51. နတ်ရူးတို့ကြောင်နိုင်ပေ (အီကြာကွေး)
  52. မာနဧ။်နောက်ဆက်တွဲများ (လွန်းထားထား)
  53. စန္ဒီမိုးဦးဖြ ( တင်သန်းဦး)

ကာတွန်းများ 

  1. မာယာစံအိမ် (တွတ်ပီကာတွန်း)
  2. ကျွန်ုပ်နှင့် မြို့ပြခရီး (တွတ်ပီကာတွန်း)
  3. နတ်ဝင်သည် (တွတ်ပီကာတွန်း)
  4. အတိတ်ခါးခါး (၁) (တွတ်ပီကာတွန်း)
  5. အတိတ်ခါးခါး – ၂ (တွတ်ပီကာတွန်း)
  6. မြစန်းသီတာ (တွတ်ပီကာတွန်း)
  7. ကျွန်ုပ်ဧ။် စွန့်စားခန်းများ (တွတ်ပီကာတွန်း)
  8. ကျွန်ုပ်ဧ။် စွန့်စားခန်းများ – ၂ (တွတ်ပီကာတွန်း)
  9. တတိုင်မွေး ကာတွန်း (တွတ်ပီကာတွန်း)
  10. မိန်းမနိုင်နည်း (တွတ်ပီကာတွန်း)
  11. ကျွန်ုပ် နှင့် မီးဝိုင်းသော လိပ်များ
  12. ကျွန်ုပ် နှင့် ကြုံတိုင်း FM
  13. ကျွန်ုပ် နှင့် မသေးမျှင်
  14. ကျွန်ုပ် နှင့် ပီနန်အိတ်နှစ်လုံး
  15. ဝိဇ္ဇာရဲ့ကာတွန်း ဟိုတုန်းကလို လူစား
  16. ဝိဇ္ဇာရဲ့ကာတွန်း လူနှင့်မျက်နှာ
  17. ဝိဇ္ဇာရဲ့ကာတွန်း တစ်ရွာလုံးနဲ့တစ်ယောက်
  18. ဝိဇ္ဇာရဲ့ကာတွန်း မျှတသော မိုးရေ
  19. ဝိဇ္ဇာရဲ့ကာတွန်း ရွှေအဆင်း
  20. ဝိဇ္ဇာရဲ့ကာတွန်း မေတာဖြန်းမှလန်းဆန်းမယ်
  21. ဝိဇ္ဇာရဲ့ကာတွန်း အချစ်သည်ပုံပြင်မဟုတ်ပါ
  22. ဝိဇ္ဇာရဲ့ကာတွန်း အချစ်သည်ပုံပြင်မဟုတ်ပါ -၂
  23. ၀ိဇ္ဖာ (တောင်တန်းနှင့်တူသောယောက်ျားများ)
  24. ဝိဇ္ဇာရဲ့ကာတွန်း ကြိုးတစ်ချောင်းကိုဖြတ်ကျော်ခြင်း
  25. ဝိဇ္ဇာရဲ့ကာတွန်း ကျွန်တော်၏ဓာတ်တိုင်
  26. ၀ိဇ္ဖာ ရဲ့ ပန်းတစ်ပွင့်ရဲ့ရနံ့ခက်ဆစ်
  27. ၀ိဇ္ဖာ ရဲ့ အပြာရောင်ရင်ခွင်အောက်က ကိုယ်ယောက်ဖျောက်တဲ့ချစ်သူ
  28. ရပ်ကွက်ထဲမှာဗျာ (ကိုရွှေထူး)
  29. မဟာဂနိုင် (ဖိုးဆိတ်ဖြူ)
  30. မင်္ဂလာဆောင်သမိန်ပေါသွပ်)
  31. မထီးကျွန် သမိန်ပေါသွပ်)
  32. ပြေးမရှောင်သာ ( ပိုးဇာ )
  33. ဂျာနယ်တွေမှာမြူးတဲ့ဦးဇာ
  34. ဖူးစာဆန်းဆန်း(ကာတွန်းစောတင်မောင်)
  35. နှောင်ကြိုးကိုယ်စီ (ကာတွန်းစောတင်မောင်)
  36. နှောင်ကြိုးကိုယ်စီ – ၂ (ကာတွန်းစောတင်မောင်)
  37. လွှင့်မျောမိုးတိမ် (ကာတွန်းစောတင်မောင်)
  38. လွှင့်မျောမိုးတိမ် – ၂ (ကာတွန်းစောတင်မောင်)
  39. အမှောင်ကမ္ဘာနှင် သံသရာ (ကာတွန်းစောတင်မောင်)
  40. အမှောင်ကမ္ဘာနှင် သံသရာ – ၂ (ကာတွန်းစောတင်မောင်)
အခုအောက်က အီဘွတ်တွေကတော့ www.shweone.wordpress.com က အီးဘွတ်တွေပါ။  ကျွန်တော့်ဆိုဒ်မှာပြန်လည်းဝေမျှလိုက်ပါတယ်။
  1. အနာဂတ်မျက်လုံးရှင် (အောင်ခန်.)
  2. ကာလီဒေ၀ီ (အောင်ခန်.)
  3. လက်သုံးတော်ဓါး (အောင်ခန်.)
  4. နေဘုရားတော် (အောင်ခန်.)
  5. အမွေ အောင်သင်း
  6. သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္တုတိုများ အောင်သင်း
  7. ဥာဏ်ပညာ ထက်မြက်သူတို.လက်စွဲ ချစ်နိုင် (စိတ်ပညာ)
  8. အနှစ်၃၀ ချစ်နိုင် (စိတ်ပညာ)
  9. သိပ္ပံမှသည် သစ္စာဆီသို. (ချစ်ငယ်)
  10. မဟာသေနာပတိ (ချစ်ဦးညို)
  11. လင်္ကာဒီပချစ်သူ (ချစ်ဦးညို)
  12. တွေးသူများ (ကိုတာ)
  13. ငယ်ကချစ်အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
  14. စောရသက်ပြင်း (ဒဂုန်ရွှေမျှား)
  15. ညမဖတ်ရ (သို.မဟုတ်) သွေးစုပ်ရောဂါ (ဒဂုန်ရွှေမျှား)
  16. စိတ်ပြောင်းကိုခွာ (ဒဂုန်ရွှေမျှား)
  17. ထမင်းလုံး တစ္ဆေ (ဒဂုန်ရွှေမျှား)
  18. ဂြိုလ်မွေတဲ့ပန်းတဂေါင်း (ဒဂုန်ရွှေမျှား)
  19. ၀ိညာဉ်၏ အရိပ် (ဒဂုန်ရွှေမျှား)
  20. သင်္ဘောပျက် ခရီးသည် ခုနှစ်ယောက် (ဒဂုန်ရွှေမျှား)
  21. လက်မတင်ကလေး (ဒဂုန်ရွှေမျှား)
  22. သူယောင်ရုပ် (ဒဂုန်ရွှေမျှား)
  23. ကမ္ဘာကို ကိုင်လှုပ်သူ (ဒဂုန်ရွှေမျှား)
  24. ငယ်ကချစ် အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
  25. ရှက်ပြုံး (ချစ်စံဝင်း)
  26. မျက်ရည်စများနှင့်ရယ်သံ (ကျော်လှိုင်ဦး)
  27. ရဲဘော်သုံးကျိပ် (ကျော်ငြိမ်း)
  28. တော်ဖလာနှင့်စကားစမြည် (ကျော်ဝင်း)
  29. တော (လင်းဝေမြိုင်)
  30. မာန၏နောက်ဆွဲတွဲများ (လွန်ထားထား)
  31. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၁ (ဇင်သန်.)
  32. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၂ (ဇင်သန်.)
  33. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၃ (ဇင်သန်.)
  34. ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ (ညီသစ်)
  35. သူတို.အမြင်သူတို.အတွေး (ပါရဂူ)
  36. ကလေးပြဿနာ (ပါရဂူ)
  37. သူ.လိုဘုရင် (ပါရဂူ)
  38. လူသုံးကုန်ပစ္စည်းရောင်းသူများ (ဖေမြင့်)
  39. သေရွာပြန်တို.၏အဏ္ဏ၀ါခရီး (ဖိုးကျော.)
  40. ဆင်သင်္ချိုင်းရှာပုံတော်နှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
  41. ပင်လယ်ကျား၊အဏ္ဏ၀ါမီးစုန်းများနှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
  42. ညီမလေးရယ်စိုးရိမ်မိတယ် (တက္ကသိုလ် ဘုန်းနိုင်)
  43. တန်းခူးလေနှင့်လျော့တော့သည် (တက္ကသိုလ် ဘုန်းနိုင်)
  44. ၀သန်လေချိန်မှန်ကူး (တက္ကသိုလ် ဘုန်းနိုင်)
  45. ခေါင်းနှင့်ပန်း (ဖိုးဝမောင်)
  46. အေးချမ်းစေသော စကားလုံးလေးများ (ဖိုးဝမောင်)
  47. ဖြစ်တည်ခြင်း ပဓါန၀ါဒနှင့် လူသားပဓါန၀ါဒ (ဆန်းလွင်)
  48. ကမ္ဘာ.တွေးခေါ်ပညာရှင်ကြီးများ (ဆန်းလွင်)
  49. အချစ် လက္ခဏာ (စံ-ဇာဏီဘို)
  50. အချစ် ဗေဒင် (စံ-ဇာဏီဘို)
  51. မီးပြတိုက် (ဆောင်းဝင်းလတ်)
  52. နံနက် ၃နာရီ (ဆောင်းဝင်းလတ်)
  53. ဆူးကလေးစူးတယ် ခူးမယ် (ဆောင်းဝင်းလတ်)
  54. အမှတ်တရရွှေ ၆၀ (၀င်းငြိမ်း)
  55. အဖော် (ရှား)
  56. တသက်တာမှတ်တမ်းနှင့်အတွေးခေါ်များ (ရွှေဥဒေါင်း)
  57. မြတ်သက်မော် (ရွှေဥဒေါင်း)
  58. ခေါင်းတုံးပေါ်ထိပ်ကွက်(ရွှေဥဒေါင်း)
  59. ရတနာပုံ (ရွှေဥဒေါင်း)
  60. ခရီးထွက်ရန်စီစဉ်ကြခြင်း (ရွှေဥဒေါင်း)
  61. အနားသတ်သစ္စာ (စိုးမြတ်သူဇာ)
  62. ဘ၀တစ်ခုအမှတ်တရ (ဆွေမင်း၊ ဓနုဖြူ)
  63. လူညာကြီး (ဆွေဆွေအောင်)
  64. လွယ်အိပ်ကလေး (ဆွေဆွေအောင်)
  65. အရှေ.မြို.ရိုးမှ မိုးရေစက်များ (တာရာမင်းဝေ)
  66. မှော်ဆရာရဲ.ကျောင်းစာအုပ် (တာရာမင်းဝေ)
  67. ကောင်းကင်အကြွေကောက်တဲ့လက် (တာရာမင်းဝေ)
  68. ရွှေဖိနပ်မှာအစိမ်းရောင် (တာရာမင်းဝေ)
  69. ကိုယ့်လက်နဲ. ဖမ်းမိတဲ့နဂါးငွေ.တန်း (တာရာမင်းဝေ)
  70. ကိုးမရှိတဲ့ န၀င်း(တာရာမင်းဝေ)
  71. အထဲသို.၀င်လော့ ဘာကြောင့်ရပ်နေသနည်း (တာရာမင်းဝေ)
  72. ကျွန်တော်နှင့်ကြယ်မြင်လမြင်လောကဓံ (တာရာမင်းဝေ)
  73. ပြိုင်မြင်းတို.ရဲ့ခွာသံ (တာရာမင်းဝေ)
  74. ကျွန်တော်နှင့်ဧဒင်ကချေသည် (တာရာမင်းဝေ)
  75. ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု (တာရာမင်းဝေ)
  76. လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်(တာရာမင်းဝေ)
  77. ချစ်သုံးလီ (သန်းဆွေ)
  78. ကျွန်တော့်ဘ၀အကြောင်း (သော်တာဆွေ)
  79. ဘရန်ဒီတစ်ပုလင်း (သော်တာဆွေ)
  80. ကျောက်ဖြုံးကျော်ကြီး (သော်တာဆွေ)
  81. အရှေ.ကနေ၀န်းထွက်သည့်ပမာ (သိန်းဖေမြင့်)
  82. မျိုးရိုးထဲမှ ဆိုးပေကြီးများ (သုမောင်)
  83. အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ (သုသုက)
  84. သုခ မှတ်စု
  85. ငလျင်ဗုံးကြဲခဲ့စဉ်ကနှင့်အခြားဝတ္တုတိုများ (ဦးလှဝင်း)
  86. ရွှေဘုံသာ လမ်းပေါ်မှာ (ဦးလှဝင်း)
  87. အာဇာနည် (ဦးနု)
  88. တာတေ စနေသား (ဦးနု)
  89. ဘ၀အကျဉ်းသား (ဦးရွှေအောင်)
  90. ၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ
  91. HIV မှတ်စုများ ၂၀၀၄ (ဒေါက်တာသီဟ)
  92. ငါပြောချင်သမျှငါ့ကြောင်း (ဒေါက်တာသန်းထွန်း)
  93. ကဗျာများ (ဗိုလ်ချုပ်အောင်ဆန်း) *****
  94. ယောနသံ ဇင်ယော် (ဦးဘသန်း)
  95. မှတ်မိသမျှ ကိုအောင်ဆန်း၏ကျောင်းသားဘဝ
  96. ကိုဒေါင်း (မောင်ထင်)
  97. ရေဘုရင်မြေပြင်မှာတော့ (ကြည်သာ)
  98. သွေး (ဂျာနယ်ကျော် မမလေး) ***
  99. ဂျုလိယက်ဆီဆာ (မန်းတင်)
  100. ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ (၀င်းသိန်းဦး)
  101. ငှက်တွေ ဆောင်းမခိုမီ (ငြိမ်းအေးအိမ်)
  102. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း က (ဦးနု)
  103. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း ခ (ဦးနု)
  104. အဟိတ်- – - ၀တ္တုဇာတ်လမ်းများ (သိပ္ပံမောင်ဝ)
  105. ရတနာ လိုဏ်ဂူ (နတ်နွယ်)
  106. အတွေးအမြင်စာစဉ်
  107. ပန်းတစ်ပွင့်ရဲ. ရင်ခုံသံ (၀င်းဝင်းမြင့်)
  108. ဗေဒါလမ်း (ဇော်ဂျီ)
  109. ဝေေ၀ရီရီ ၀တ္တု (ဇော်ဇော်အောင်)
  110. မြိုင် (ဒဂုန်တာရာ)
  111. စက်ဝိုင်း (မစန္ဒာ)
  112. ငယ်သူမို.မသိပါ (မစန္ဒာ)
  113. ငြိုးမာန်ဖွဲ့သူရယ် (မစန္ဒာ)
  114. ဂျီဟောသူ (မစန္ဒာ)
  115. အရိပ် (မစန္ဒာ)
  116. ၀တ္တုတိုများ ၆ (မစန္ဒာ)
  117. ပုစ္ဆာ (မစန္ဒာ)
  118. မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ် (မောင်အံ့)
  119. ပစပ်ရာဇ၀င် (မှော်ပီဆရာသိန်းကြီး)
  120. ကိုဒေါင်း (မောင်ထင်)
  121. မြန်မာ၁၂လအကြောင်း (မောင်ထင်)
  122. ဟာသများလက်ရွေးစင် (မောင်ကောင်းထိုက်)
  123. ဟာသများလက်ရွေးစင် ၂ (မောင်ကောင်းထိုက်)
  124. ဟာသများလက်ရွေးစင် ၁၄ (မောင်ကောင်းထိုက်)
  125. သေပြေးရှင်ပြေး (မောင်ပေါ်ထွန်း)
  126. ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး (မောင်စူးစမ်း)
  127. ထူးအတွေ.ကြုံအဆန်း တစ္ဆေဇာတ်လမ်းများ (ဒေါက်တာအောင်ကျော်)
  128. တွေ.ရကြုံရ ရှတတလေးတွေ (အီကြာကွေး)
  129. မီးရောင်အောက်ကိုဝင်လျှင် (မိုးမိုး အင်းလျား)
  130. ဖြတ်သန်းသွားလာခွင့်မရှိ (မိုးနီလွင်)
  131. ပေတလူ (မင်းသိင်္ခ)
  132. ၀တ္တုတိုပေါင်းချုပ် (မင်းသိင်္ခ)
  133. ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ပထမပိုင်း (မင်းသိင်္ခ)
  134. ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ဇာတ်သိမ်း (မင်းသိင်္ခ)
  135. မ” တတ်ပါ့“ (မင်းသိင်္ခ)
  136. မအောင်ရင် (မင်းသိင်္ခ)
  137. မနောမယကိုပီတာ (မင်းသိင်္ခ)
  138. ဖရန်.(ဇ)ကာ(ဖ)ကာ၏ စာ (မြင့်သန်း)
  139. ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ (နန္ဒာသိန်းဇံ)
  140. အိုင်ဒီယာ အက်ဆေးများ (နေ၀င်းမြင့်)
  141. နှလုံးသားထဲကြွက်ဝင်နေသည် (နီကိုရဲ)
  142. ကျွန်တော်နှင့်လက်တွဲဖေါ်များ (နီကိုရဲ)
  143. ကျွန်တော်နှင့်ဈေးသည်အလွဲများ (နီကိုရဲ)
  144. တစ်သုံးခုနှစ်ရှစ် (နီကိုရဲ)
  145. လှည့်စား (နီကိုရဲ)
  146. သံစုံကြူးတဲ့ည (နီကိုရဲ)
  147. လွယ်အိတ်ထဲကအလွဲများ (နီကိုရဲ)
  148. နတ်ဆိုးတစ်ကောင်နဲ.ရင်လွဲသူ (နီကိုရဲ)
  149. ဇွတ် (နီကိုရဲ)
  150. ဇက်ပေါ်ကဆီးသီး (နီကိုရဲ)
  151. ရေပွက်ပမာ (မြသန်းတင့်)
  152. ကြာညိုနံ.သင်းသောရေ၀တီမ (မြသန်းတင့်)
  153. သြဂုတ်တစ္ဆေများနှင့်အခြားဝတ္တုတိုများ (မြသန်းတင့်)
  154. လွမ်းလေကညင်း (နွမ်ဂျာသိုင်း)
  155. တစ်မျိုးညာနွဲ. သွေမဖယ် စိုးပါနဲ.မေရယ် (နွမ်ဂျာသိုင်း)
  156. ပန်းပွင့် ခရေနှင့်အခြားဝတ္တျုတိုများ (မစန္ဒာ)
  157. အောက်စ်ဖို.ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း (သိပ္ပံမောင်ဝ)
  158. မြတ်ဗုဒ္ဓ ဒေသနာ (ဒေါက်တာဝါလ်ပိုလာ)
  159. အမေနဲ့အမေ့အကြောင်း (ချစ်စံဝင်း)
  160. ဖူးစာရှင် (မင်းလူ)
  161. အမှတ်တရ (ဂျူး)
  162. ချစ်သူ၏သမီး(ဂျူး)
  163. ရေမျောသီး(ဂျူး)
  164. လေထဲမှာပျံဝဲသူများ(ဂျူး)
  165. ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)
  166. အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ(ဂျူး)
  167. ကြယ်စင်တံတားကမ်းပါးနှင်းဖြူ(ဂျူး)
  168. ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့(ဂျူး)
  169. လရောင်ကိုကြောက်သူ(ဂျူး)
  170. ချစ်ခြင်း၏အနုပညာ(ဂျူး)
  171. မိန်းမနှစ်ယောက်(ဂျူး)
  172. မြရဲ့လ(ဂျူး)
  173. အက်ဆစ်တစ်ခွက်(ဂျူး)
  174. ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်(ဂျူး)
  175. ကျွန်မနဲ့ဆေးလိပ်(ဂျူး)
  176. ဆရာဝန်နှစ်ယောက်(ဂျူး)
  177. ကြယ်ကြွေတို့ရဲ့အတောင်ပံ(ဂျူး)
  178. ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)
  179. လောကဓံနှင့်လမ်းလျှောက်အတူထွက်ခြင်း (ချစ်ဦးညို)
  180. ရှက်စိတ် (လူထုစိန်ဝင်း)
  181. အဖြူ (ဂျာနယ်ကျော် မမလေး)
  182. အတောင်ပံတွေရှိခဲ့ရင် (လွန်ထားထား)
  183. ရှူး (တာရာမင်းဝေ)
  184. ပင်လယ်နှင့်တူသောမိန်းမများ (ဂျူး)
  185. အပြင်ကလူ (ကြည်အေး)
  186. နွမ်းလျအိမ်ပြန် (ကြည်အေး)
  187. ကံကိုပြင်လိုက်ပါ (ရဝေနွယ်-အင်းမ)
  188. အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း (ကံချွန်)
  189. သစ်ရွက်တို့၏ပေါ့ဆခြင်းများ (ဝေမှူးသွင်)
  190. စက္ကူပန်းတွေရဲ့သီချင်း (ဝေမှူးသွင်)
  191. နဂါးနိုင်ဓါး
  192. စိုမှာစိုးလို့မိုးမိတယ် (မင်းခိုက်စိုးစန်)
  193. ခေတ်သစ်တစ်ခု၏အစ၊ အဓိပ္ပါယ်များ၏အဆုံး (မင်းခိုက်စိုးစန်)
  194. ချောင်းကြည့်တတ်သူတစ်ယောက်ရဲ့ည (မင်းခိုက်စိုးစန်)
  195. ကလေးအတွေး (မင်းခိုက်စိုးစန်)
  196. သုည (မင်းခိုက်စိုးစန်)
  197. နှလုံးသားမိတ္တူ (အရှင်ဆန္ဒာဓိက)
  198. လူပျိုဘုရားလုံးဝမရှိ (အရှင်ဆန္ဒာဓိက)
  199. သင်နဲ့နံနက်ခင်းကိုသာဝင်ခွင့်ပြုမည် (တာရာမင်းဝေ)
  200. မဟူရာမေတ္တာ (နိုင်ဝင်းဆွေ)
  201. မုန်း၍မဟူ (ဂျာနယ်ကျော်မမလေး)
  202. မိန်းမလှအမုန်း (၀င်းဦး)
  203. ရွှေဝါပြည် (ရန်ကုန်ဘဆွေ)
  204. ယောင်္ကျားတစ်ယောက်ရဲ့ဖြစ်တည်မှု (ပုညခင်)
  205. အီဂျစ်ဘုရင်မာယာရှင် (ဒဂုန်ရွှေမျှား)
  206. ထောင်မင်းသားဦးဘိုးတော် (ဒဂုန်ရွှေမျှား)
  207. ကမ္ပလာနီအောက်ဝယ် (ဒဂုန်ရွှေမျှား)
  208. ကျွန်မင်းသား (ဒဂုန်ရွှေမျှား)
  209. အစီရ၀တီ ကုဏ္ဍလကေသာ (ချစ်ဦးညို)
  210. ချစ်သူမင်းနန္ဒာ (ချစ်ဦးညို)
  211. စာမရီတို့ထူးထူးခြား (ချစ်ဦးညို)
  212. ယာဇ (ချစ်ဦးညို)
  213. မလေးမဏိစန္ဒာရဲ့နှောင်း (ချစ်ဦးညို)
  214. စွယ်စုံလက်ဆောင် (အကြည်တော်)
  215. မိုးတိမ်ပုံပြင် (အကြည်တော်)
  216. ဘီလူး (အကြည်တော်)
  217.  (အကြည်တော်)
  218. အိုင်အိုဒင်းကိုကိုကြီးနှင့် (အကြည်တော်)
  219. ပိုးကောင်များ (အကြည်တော်)
  220. တောသားကြီး (အကြည်တော်)
  221. သံသရာအကွေ့တစ်ရာ (အကြည်တော်)
  222. သဲလှည်း (အကြည်တော်)
  223. အိပ်မက်အပိုဒ်ခွဲ၉ (အကြည်တော်)
  224. ရော်ဘင်ဆင်ကရူးဆိုး (ဒဂုန်ရွှေမျှား)
  225. မှ တစ်ဆင့် (မိုးမိုးအင်းလျား)
  226. ဖြူမှောင်ဝေကင်း (မိုးမိုးအင်းလျား)
  227. ပျောက်သောလမ်းမှာ စမ်းတ၀ါး (မိုးမိုးအင်းလျား)
  228. စိန်တစ်ပွင့် (မိုးမိုးအင်းလျား)
  229. သိက္ခာရှိတဲ့ မုန့်ဟင်းခါး (မိုးမိုးအင်းလျား)
  230. ဝေဒနာ ကြာနီပွင့် (မိုးမိုးအင်းလျား)
  231. လရဲ့အောက်ဘက်မိုင်အဝေးမှာ (ဂျူး)
  232. ကွက်လပ်ကလေးဖြည့်ပေးပါ (မစန္ဒာ)
  233. ပန်းစကား (မစန္ဒာ)
  234. ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ် (အကြည်တော်)
  235. နတ်နေကိုင်း (အကြည်တော်)
  236. နတ်ပြည်၏နံနက်ခင်း (အကြည်တော်)
  237. ဆရာတော်ဦးဥတ္တမ လွတ်လပ်ရေးစိတ်ဓာတ်မျိုးစေ့ချခဲ့သူ (ဦးဘရင်)
  238. ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း
  239. နံရံ၏အခြားတစ်ဖက် (ဂျူး)
  240. ဟယ်ရီပေါ်တာနှင့်အက်ဇခါဘန်အကျဉ်းသား (ကြည်ကြည်မာ)
  241. သက္ကရာဇ်မျဉ်းများ (သစ္စာနီ)
  242. သမီးရည်းစားဝတ္တုတိုများ (အောင်သိန်းး)
  243. ပြုံးပြီးမှရယ် (ရဲစတိုင်း)
  244. တစိမ့်စိမ့်ဟာသများ (ဇင်အေး)
ref: ဘလော့ခရီးသည် မှ ပြန်လည် ကူးယူမျှဝေသည်။
မိုးကုတ်သား (ရေပူ)